43. အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးသောဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို ပို၍နှစ်သက်ကြ၏။
44. တစ်ဖန် ယေရှုက “ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။
45. ငါ့ကိုမြင်သောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုမြင်၏။
46. ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။