ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 4:6-12 Myanmar Standard Bible (MSB)

6. သို့​သော် ကိုယ်​တော်​သည် ပို​၍​ကြီး​မြတ်​သော​ကျေး​ဇူး​တော်​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ “ဘု​ရား​သ​ခင်​သည် မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ဆန့်​ကျင်​၍ နှိမ့်​ချ​သော​သူ​တို့​အား ကျေး​ဇူး​တော်​ကို​ခံ​စား​စေ​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

7. ထို့​ကြောင့် ဘု​ရား​သ​ခင်​ကို​နာ​ခံ​ကြ​လော့။ မာရ်​နတ်​ကို​ဆန့်​ကျင်​တွန်း​လှန်​ကြ​လော့။ သို့​ပြု​လျှင် သူ​သည် သင်​တို့​ထံ​မှ ထွက်​ပြေး​လိမ့်​မည်။

8. ဘု​ရား​သ​ခင်​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင် ကိုယ်​တော်​သည် သင်​တို့​ထံ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​သား​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။

9. စိတ်​ညှိုး​ငယ်​ခြင်း၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​နှင့် ငို​ကြွေး​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​၏​ရယ်​မော​ခြင်း​ကို ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဖြစ်​စေ​၍ သင်​တို့​၏​ဝမ်း​မြောက်​ခြင်း​ကို ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​ဖြစ်​စေ​ကြ​လော့။

10. ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင် ကိုယ်​တော်​သည် သင်​တို့​ကို​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

11. ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း​ပုတ်​ခတ်​ပြော​ဆို​ခြင်း​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ကို​ပုတ်​ခတ်​ပြော​ဆို​သော​သူ သို့​မ​ဟုတ် မိ​မိ​ညီ​အစ်​ကို​ကို​စီ​ရင်​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ပုတ်​ခတ်​ပြော​ဆို​၍ ပ​ညတ်​တ​ရား​ကို​စီ​ရင်​သူ​ဖြစ်​၏။ သင်​သည် ထို​သို့ ပ​ညတ်​တ​ရား​ကို​စီ​ရင်​လျှင် ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​သော​သူ​မ​ဟုတ်​ဘဲ တ​ရား​စီ​ရင်​သော​သူ​ဖြစ်​၏။

12. ပ​ညတ်​တ​ရား​ကို​ပေး​သော​သူ၊ တ​ရား​စီ​ရင်​သော​သူ​သည် တစ်​ပါး​တည်း​ရှိ​တော်​မူ​ပြီး ထို​အ​ရှင်​သည် ကယ်​တင်​နိုင်​စွမ်း​ရှိ​၍ ဖျက်​ဆီး​နိုင်​စွမ်း​လည်း​ရှိ​တော်​မူ​၏။ သင်​မူ​ကား မည်​သူ​ဖြစ်​၍ မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​စီ​ရင်​ရ​သ​နည်း။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 4