ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 4:2-7 Myanmar Standard Bible (MSB)

2. သင်​တို့​သည် တပ်​မက်​သော်​လည်း မ​ရ​သော​ကြောင့် လူ​သတ်​ကြ​၏။ အ​လွန်​အ​လို​ရှိ​သော်​လည်း မ​ရ​ရှိ​နိုင်​သော​ကြောင့် ခိုက်​ရန်​ဖြစ်​၍ စစ်​တိုက်​ကြ​၏။ သင်​တို့​မ​ရ​ကြ​သည်​မှာ သင်​တို့​မ​တောင်း​လျှောက်​ကြ​သော​ကြောင့်​ဖြစ်​၏။

3. တောင်း​လျှောက်​သော်​လည်း မ​ရ​ကြ​သည်​မှာ သင်​တို့​၏​ကာ​မ​ဂုဏ်​ခံ​စား​မှု​အ​တွက်​သုံး​စွဲ​ရန် လွဲ​မှား​စွာ တောင်း​လျှောက်​ကြ​သော​ကြောင့်​ဖြစ်​၏။

4. ဖောက်​ပြန်​သော​သူ​တို့၊ လော​က​နှင့်​မိတ်​ဖွဲ့​ခြင်း​သည် ဘု​ရား​သ​ခင်​ကို​ရန်​ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ ထို့​ကြောင့် လော​က​၏​မိတ်​ဆွေ​ဖြစ်​လို​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။

5. သို့​မ​ဟုတ် ကျမ်း​စာ​က “ကိုယ်​တော်​သည် ငါ​တို့​၌ ကိန်း​ဝပ်​စေ​တော်​မူ​သော​ဝိ​ညာဉ်​ကို သ​ဝန်​တို​သော​သ​ဘော​ဖြင့် တောင့်​တ​တော်​မူ​၏”​ဟူ​၍ အ​ကြောင်း​မဲ့​ဆို​ထား​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

6. သို့​သော် ကိုယ်​တော်​သည် ပို​၍​ကြီး​မြတ်​သော​ကျေး​ဇူး​တော်​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ “ဘု​ရား​သ​ခင်​သည် မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ဆန့်​ကျင်​၍ နှိမ့်​ချ​သော​သူ​တို့​အား ကျေး​ဇူး​တော်​ကို​ခံ​စား​စေ​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

7. ထို့​ကြောင့် ဘု​ရား​သ​ခင်​ကို​နာ​ခံ​ကြ​လော့။ မာရ်​နတ်​ကို​ဆန့်​ကျင်​တွန်း​လှန်​ကြ​လော့။ သို့​ပြု​လျှင် သူ​သည် သင်​တို့​ထံ​မှ ထွက်​ပြေး​လိမ့်​မည်။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 4