12. ထို့ကြောင့် လွတ်လပ်ခြင်းနှင့်ဆိုင်သောတရားတော်အားဖြင့် စီရင်ခြင်းခံရမည့်သူများကဲ့သို့ ပြောဆိုကျင့်ကြံကြလော့။
13. အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
14. ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။
15. ညီအစ်ကို သို့မဟုတ် ညီအစ်မသည် အဝတ်မပါအချည်းစည်းနေလျက် နေ့စဉ်လိုအပ်သောအစားအစာလည်း မရှိသောအခါ
16. သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာသွားကြလော့။ နွေးထွေးစွာနေ၍ ဝလင်စွာစားကြလော့”ဟု သူတို့အားဆိုလျက် သူတို့၏ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများကို မပေးဘဲနေလျှင် မည်သည့်အကျိုးရှိမည်နည်း။
17. ထိုနည်းတူ ယုံကြည်ခြင်းသည်လည်း လုပ်ဆောင်မှုမပါဘဲ ၎င်းသက်သက်သာဆိုလျှင် အသေဖြစ်၏။
18. သို့သော် “သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌လုပ်ဆောင်မှုရှိသည်”ဟု အချို့သောသူက ပြောဆိုလိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်မှုကင်းသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြလော့။ ငါသည်လည်း ငါ၏လုပ်ဆောင်မှုအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။