1. ငါ့ညီအစ်ကိုတို့၊ ဘုန်းအသရေနှင့်ပြည့်စုံတော်မူသော ငါတို့သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအရာ၌ မျက်နှာလိုက်ခြင်းမရှိကြနှင့်။
2. သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းထဲသို့ ရွှေလက်စွပ်နှင့်တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်ထားသောလူတစ်ဦးဝင်လာပြီး စုတ်ပြတ်သောအဝတ်ကိုဝတ်ဆင်ထားသည့် ဆင်းရဲသောသူတစ်ဦးလည်း ဝင်လာသောအခါ
3. သင်တို့သည် တင့်တယ်သောအဝတ်ဝတ်ဆင်ထားသောသူကို ဂရုစိုက်လျက် “သင်သည် ဤနေရာကောင်းတွင် ထိုင်ပါ”ဟု ဆို၍ ဆင်းရဲသောသူကိုမူကား “သင်သည် ထိုနေရာတွင်ရပ်နေပါ” သို့မဟုတ် “ငါ၏ခြေရင်းကြမ်းပြင်ပေါ်၌ ထိုင်ပါ”ဟု ဆိုလျှင်
4. သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောဆင်ခြင်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။
5. ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။