29. သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
30. ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို ပို၍ကောင်းစွာဆင်ယင်ပေးတော်မူလိမ့်မည်မဟုတ်လော။
31. ထို့ကြောင့် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ရမည်နည်းဟုဆိုလျက် မစိုးရိမ်ကြနှင့်။
32. အကြောင်းမူကား လူမျိုးခြားတို့သည် ဤအရာအားလုံးတို့ကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။