ရှင်​မဿဲ​ခ​ရစ်​ဝင် 4:11-15 Myanmar Standard Bible (MSB)

11. ထို​အ​ခါ မာရ်​နတ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​ခွာ​သွား​၍ ကောင်း​ကင်​တ​မန်​များ​သည် ချဉ်း​ကပ်​လာ​လျက် ကိုယ်​တော်​ကို​ပြု​စု​ကြ​၏။

12. ယော​ဟန်​အ​ကျဉ်း​ချ​ခံ​ရ​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင် ဂါ​လိ​လဲ​နယ်​သို့ ကြွ​တော်​မူ​၏။

13. ထို့​နောက် နာ​ဇ​ရက်​မြို့​ကို​စွန့်​ခွာ​၍ ပင်​လယ်​ကမ်း​နား​၌​ရှိ​သော က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။ ထို​မြို့​သည် ဇာ​ဗု​လုန်​နယ်​နှင့်​နဿ​လိ​နယ်​ဆိုင်​ရာ​အ​ရပ်​ဒေ​သ​၌​ရှိ​၏။

14. ဤ​သည်​ကား ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

15. မိန့်​တော်​မူ​ချက်​မှာ “ဇာ​ဗု​လုန်​နယ်​နှင့်​နဿ​လိ​နယ်၊ ပင်​လယ်​လမ်း​တစ်​လျှောက်၊ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း၊ လူ​မျိုး​ခြား​တို့​၏​ဂါ​လိ​လဲ​နယ်၊

ရှင်​မဿဲ​ခ​ရစ်​ဝင် 4