ရှင်​မဿဲ​ခ​ရစ်​ဝင် 28:7-20 Myanmar Standard Bible (MSB)

7. ထို့​နောက် အ​လျင်​အ​မြန်​သွား​၍ တ​ပည့်​တော်​တို့​အား ‘ကိုယ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ။ ကြည့်​ရှု​လော့။ ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက်​အ​လျင်​ဦး​စွာ​ကြွ​နှင့်​တော်​မူ​ပြီ။ သင်​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်’​ဟူ​၍ ပြော​ကြား​ကြ​လော့။ သင်​တို့​အား ယ​ခု ငါ​ပြော​ပြီ”​ဟု မြွက်​ဆို​လေ​၏။

8. အ​မျိုး​သ​မီး​တို့​သည် ကြောက်​ရွံ့​ကြ​သော်​လည်း အ​လွန်​ဝမ်း​မြောက်​လျက် သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​ထွက်​သွား​ကြ​ကာ တ​ပည့်​တော်​တို့​အား ပြော​ပြ​ရန် ပြေး​သွား​ကြ​၏။

9. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​တွေ့​ဆုံ​လျက် “မင်္ဂ​လာ​ပါ”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည် ချဉ်း​ကပ်​၍ ကိုယ်​တော်​၏​ခြေ​တော်​ကို ဖက်​ထား​ကာ ကိုယ်​တော်​ကို​ရှိ​ခိုး​ကြ​၏။

10. ထို့​နောက် ယေ​ရှု​က “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​၍ ငါ​၏​ညီ​အစ်​ကို​တို့​အား ဂါ​လိ​လဲ​နယ်​သို့​သွား​ရန် ပြော​ကြား​ကြ​လော့။ သူ​တို့​သည် ထို​နေ​ရာ​၌ ငါ့​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

11. ထို​အ​မျိုး​သ​မီး​တို့​သွား​ကြ​စဉ်​တွင် အ​စောင့်​တပ်​သား​အ​ချို့​တို့​သည်​လည်း မြို့​ထဲ​သို့​လာ​၍ ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ သ​တင်း​ပို့​ကြ​၏။

12. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် သက်​ကြီး​ဝါ​ကြီး​တို့​နှင့်​အ​တူ​စု​ဝေး​၍ တိုင်​ပင်​ဆွေး​နွေး​ကြ​ပြီး​မှ စစ်​သား​တို့​အား ငွေ​အ​မြောက်​အ​မြား​ပေး​လျက်

13. “‘ည​အ​ချိန် ငါ​တို့​အိပ်​ပျော်​နေ​စဉ် သူ​၏​တ​ပည့်​တို့​သည် လာ​၍ အ​လောင်း​ကို​ခိုး​သွား​ကြ​သည်’​ဟု ပြော​ကြ​လော့။

14. ဤ​သ​တင်း​သည် ဘု​ရင်​ခံ​၏​နား​သို့​ပေါက်​ကြား​ခဲ့​လျှင် သူ့​ကို ငါ​တို့​ဖျောင်း​ဖျ​၍ သင်​တို့​၌​စိုး​ရိမ်​စ​ရာ​မ​ရှိ​စေ​ရန် ဆောင်​ရွက်​ပေး​မည်”​ဟု ဆို​ကြ​၏။

15. ထို​အ​ခါ စစ်​သား​တို့​သည် ငွေ​ကို​ယူ​၍ သူ​တို့​အား သင်​ပေး​ထား​သည့်​အ​တိုင်း​ပြု​ကြ​၏။ ဤ​သို့​ဖြင့် ထို​သ​တင်း​သည် ဂျူး​လူ​မျိုး​တို့​ကြား​တွင် ယ​နေ့​တိုင်​အောင်​ပျံ့​နှံ့​လျက်​ရှိ​၏။

16. ထို့​နောက် တစ်​ဆယ့်​တစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​နယ်​သို့​သွား​၍ သူ​တို့​အား ယေ​ရှု​မှာ​ကြား​ထား​တော်​မူ​သော​တောင်​ပေါ်​သို့ တက်​ကြ​ပြီး

17. ကိုယ်​တော်​ကို​တွေ့​မြင်​၍ ရှိ​ခိုး​ကြ​၏။ သို့​သော် အ​ချို့​တို့​သည် သံ​သ​ယ​ဖြစ်​ကြ​၏။

18. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍ “ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​၌ ရှိ​သ​မျှ​သော​အ​ခွင့်​အာ​ဏာ​တို့​ကို ငါ့​ထံ​ပေး​အပ်​တော်​မူ​ပြီ။

19. ထို့​ကြောင့် သင်​တို့​သည်​သွား​၍ လူ​မျိုး​တ​ကာ​တို့​အား ငါ့​တ​ပည့်​ဖြစ်​စေ​လျက် ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ​၌ သူ​တို့​ကို​ဗတ္တိ​ဇံ​ပေး​ကြ​လော့။

20. သင်​တို့​အား ငါ​ပ​ညတ်​ထား​သ​မျှ​သော​အ​ရာ​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရန် သူ​တို့​ကို သွန်​သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်​ကမ္ဘာ​ကုန်​ဆုံး​သည့်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 28