12. ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် သက်ကြီးဝါကြီးတို့နှင့်အတူစုဝေး၍ တိုင်ပင်ဆွေးနွေးကြပြီးမှ စစ်သားတို့အား ငွေအမြောက်အမြားပေးလျက်
13. “‘ညအချိန် ငါတို့အိပ်ပျော်နေစဉ် သူ၏တပည့်တို့သည် လာ၍ အလောင်းကိုခိုးသွားကြသည်’ဟု ပြောကြလော့။
14. ဤသတင်းသည် ဘုရင်ခံ၏နားသို့ပေါက်ကြားခဲ့လျှင် သူ့ကို ငါတို့ဖျောင်းဖျ၍ သင်တို့၌စိုးရိမ်စရာမရှိစေရန် ဆောင်ရွက်ပေးမည်”ဟု ဆိုကြ၏။
15. ထိုအခါ စစ်သားတို့သည် ငွေကိုယူ၍ သူတို့အား သင်ပေးထားသည့်အတိုင်းပြုကြ၏။ ဤသို့ဖြင့် ထိုသတင်းသည် ဂျူးလူမျိုးတို့ကြားတွင် ယနေ့တိုင်အောင်ပျံ့နှံ့လျက်ရှိ၏။
16. ထို့နောက် တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲနယ်သို့သွား၍ သူတို့အား ယေရှုမှာကြားထားတော်မူသောတောင်ပေါ်သို့ တက်ကြပြီး
17. ကိုယ်တော်ကိုတွေ့မြင်၍ ရှိခိုးကြ၏။ သို့သော် အချို့တို့သည် သံသယဖြစ်ကြ၏။
18. ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍ “ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။