ရှင်​မဿဲ​ခ​ရစ်​ဝင် 27:64-66 Myanmar Standard Bible (MSB)

64. ထို့​ကြောင့် သုံး​ရက်​မြောက်​သော​နေ့​တိုင်​အောင် သင်္ချိုင်း​ဂူ​ကို စောင့်​ကြပ်​ထား​ရန် အ​မိန့်​ပေး​ပါ။ သို့​မ​ဟုတ်​လျှင် သူ​၏​တ​ပည့်​တို့​သည်​လာ​၍ အ​လောင်း​ကို​ခိုး​ယူ​ကာ ‘သူ​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ပြီ’​ဟု လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ နောက်​လှည့်​ဖြား​မှု​သည် ယ​ခင်​လှည့်​ဖြား​မှု​ထက် ပို​၍​ဆိုး​ပါ​လိမ့်​မည်”​ဟု လျှောက်​ထား​ကြ​၏။

65. ပိ​လတ်​မင်း​က​လည်း “သင်​တို့​၌ အ​စောင့်​တပ်​သား​ရှိ​သည်​မ​ဟုတ်​လော။ သွား​၍ သင်​တို့​တတ်​နိုင်​သ​မျှ​လုံ​ခြုံ​အောင် စောင့်​ကြပ်​စေ​ကြ​လော့”​ဟု ဆို​လေ​၏။

66. ထို​အ​ခါ သူ​တို့​သည် သွား​၍ ကျောက်​တုံး​ကို​တံ​ဆိပ်​ခတ်​ကာ အ​စောင့်​တပ်​သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်​ကြပ်​စေ​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 27