ရှင်​မဿဲ​ခ​ရစ်​ဝင် 26:59-72 Myanmar Standard Bible (MSB)

59. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​တ​ရား​လွှတ်​တော်​တစ်​ရပ်​လုံး​သည် ယေ​ရှု​ကို သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် ကိုယ်​တော်​၏​ပြစ်​မှု​ကို​ထင်​ရှား​စေ​မည့် မ​မှန်​သော​သက်​သေ​ကို​ရှာ​ကြ​၏။

60. မ​မှန်​သော​သက်​သေ​ထွက်​ဆို​သော​သူ များ​စွာ​လာ​ကြ​သော်​လည်း မည်​သည့်​အ​ထောက်​အ​ထား​မျှ​မ​တွေ့​ရ​ကြ။ နောက်​ဆုံး​တွင် လူ​နှစ်​ဦး​သည် လာ​၍

61. “ဤ​သူ​က ‘ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ​၍ ထွက်​ဆို​ကြ​၏။

62. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ ဤ​သူ​တို့​သည် သင့်​တစ်​ဖက်​၌ သက်​သေ​ခံ​ကြ​သည်​မှာ မည်​သို့​နည်း”​ဟု ကိုယ်​တော်​အား​မေး​လေ​၏။

63. သို့​သော် ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဟုတ်​မ​ဟုတ် ငါ​တို့​အား​ပြော​ရန် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ သင့်​အား ငါ​အ​မိန့်​ပေး​၏”​ဟု ဆို​၏။

64. ယေ​ရှု​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း။ ထို့​ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်​တွင် လူ့​သား​သည် တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​၍​ကောင်း​ကင်​မိုး​တိမ်​များ​စီး​လျက်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

65. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏​ဝတ်​ရုံ​ကို​ဆုတ်​ဖြဲ​လျက် “သူ​သည် ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​လေ​ပြီ။ နောက်​ထပ် မည်​သည့်​သက်​သေ​များ​လို​သေး​သ​နည်း။ ဘု​ရား​သ​ခင်​အား​စော်​ကား​ပြော​ဆို​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။

66. သင်​တို့​မည်​သို့​ထင်​မြင်​ကြ​သ​နည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေ​ဒဏ်​ခံ​ထိုက်​၏”​ဟု ပြန်​ပြော​ကြ​၏။

67. ထို့​နောက် သူ​တို့​သည် ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​လျက် ကိုယ်​တော်​ကို​ထိုး​နှက်​ကြ​၏။ အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​ရိုက်​ပုတ်​လျက်

68. “အ​ချင်း​ခ​ရစ်​တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်​သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။

69. ပေ​တ​ရု​မူ​ကား အိမ်​အ​ပြင် ခြံ​ဝင်း​အ​တွင်း​၌ ထိုင်​နေ​၏။ ထို​အ​ခါ အ​စေ​ခံ​မိန်း​မ​တစ်​ယောက်​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​လာ​၍ “သင်​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

70. သို့​သော် ပေ​တ​ရု​က “သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ”​ဟု အား​လုံး​ရှေ့​တွင် ငြင်း​ဆို​လေ​၏။

71. ထို့​နောက် ဝင်း​တံ​ခါး​ဘက်​သို့​ထွက်​သွား​ရာ အ​ခြား​အ​စေ​ခံ​မိန်း​မ​တစ်​ယောက်​သည် သူ့​ကို​တွေ့​သ​ဖြင့် ထို​နေ​ရာ​၌​ရှိ​သော​သူ​တို့​အား “ဤ​သူ​သည် နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

72. ပေ​တ​ရု​က​လည်း “ထို​လူ​ကို​ငါ​မ​သိ”​ဟု တစ်​ဖန်​ကျိန်​တွယ်​လျက် ငြင်း​ဆို​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26