ရှင်​မဿဲ​ခ​ရစ်​ဝင် 26:23-25 Myanmar Standard Bible (MSB)

23. ကိုယ်​တော်​က​လည်း “ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်။

24. လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍ ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​ယု​ဒ​က “ရဗ္ဗိ၊ အ​ကျွန်ုပ်​လော”​ဟု မေး​လျှောက်​သော် ကိုယ်​တော်​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26