ရှင်​မဿဲ​ခ​ရစ်​ဝင် 26:17-19 Myanmar Standard Bible (MSB)

17. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​၏​ပ​ထ​မ​နေ့​တွင် တ​ပည့်​တော်​တို့​သည် ယေ​ရှု​ထံ​သို့​ချဉ်း​ကပ်​၍ “ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို ကိုယ်​တော်​သုံး​ဆောင်​ရန် အ​ကျွန်ုပ်​တို့​အား မည်​သည့်​နေ​ရာ​၌ ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

18. ကိုယ်​တော်​က​လည်း “မြို့​ထဲ​သို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အ​ချိန်​နီး​ပြီ။ ပ​သ​ခါ​ပွဲ​တော်​ကို သင့်​ထံ​၌ ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ​ကျင်း​ပ​မည်’​ဟူ​၍ ဆ​ရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

19. ထို့​ကြောင့် တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​အား ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ပြီး ပ​သ​ခါ​ပွဲ​တော်​ကို​ပြင်​ဆင်​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26