ရှင်​မဿဲ​ခ​ရစ်​ဝင် 24:6-13 Myanmar Standard Bible (MSB)

6. စစ်​ပွဲ​များ​အ​ကြောင်း​နှင့် စစ်​မက်​သ​တင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်​မည်။ သ​တိ​ပြု​လျက် စိုး​ရိမ်​ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ထို​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်။ သို့​သော် အ​ဆုံး​သည်​မ​ရောက်​သေး။

7. လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​တို့​သည် ရန်​ဘက်​ပြု​ကြ​၍ အ​ရပ်​ရပ်​တို့​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​နှင့် င​လျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။

8. ဤ​အ​ရာ​အား​လုံး​တို့​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​၏​အ​စ​ဖြစ်​၏။

9. ထို့​နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်​စက်​ရန် အပ်​နှံ​၍ သင်​တို့​ကို သတ်​ဖြတ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ့​နာ​မ​ကြောင့် လူ​မျိုး​တ​ကာ​တို့​၏​မုန်း​တီး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

10. ထို​ကာ​လ​၌ များ​စွာ​သော​လူ​တို့​သည် စိတ်​ပျက်​ကြ​၍ အ​ချင်း​ချင်း​အပ်​နှံ​လျက် အ​ချင်း​ချင်း​မုန်း​တီး​ကြ​လိမ့်​မည်။

11. များ​စွာ​သော​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​သည် ပေါ်​လာ​၍ လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

12. တ​ရား​မဲ့​ခြင်း​သည်​လည်း များ​ပြား​လာ​သ​ဖြင့် များ​စွာ​သော​လူ​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။

13. သို့​သော် အ​ဆုံး​တိုင်​အောင် တည်​ကြည်​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 24