25. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ခွက်နှင့်ပန်းကန်တို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း အတွင်း၌ကား မတရားလုယူခြင်းနှင့် ကိုယ့်အလိုသို့လိုက်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
26. မျက်စိမမြင်သောဖာရိရှဲတို့၊ ခွက်၏အတွင်းဘက်ကို ဦးစွာစင်ကြယ်စေကြလော့။ ထိုသို့ပြုလျှင် ၎င်း၏အပြင်ဘက်လည်း စင်ကြယ်လာလိမ့်မည်။
27. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။