ရှင်​မဿဲ​ခ​ရစ်​ဝင် 22:34-42 Myanmar Standard Bible (MSB)

34. ဇဒ္ဒု​ကဲ​တို့​ကို ကိုယ်​တော်​နှုတ်​ဆိတ်​စေ​တော်​မူ​ခဲ့​ကြောင်း ဖာ​ရိ​ရှဲ​တို့​ကြား​လျှင် အ​တူ​တ​ကွ​စု​ဝေး​လာ​ကြ​၍

35. သူ​တို့​ထဲ​မှ ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့်

36. “ဆ​ရာ၊ ပ​ညတ်​တ​ရား​ထဲ​တွင် မည်​သည့်​ပ​ညတ်​ချက်​သည် ကြီး​မြတ်​သ​နည်း”​ဟု မေး​လျှောက်​လေ​၏။

37. ကိုယ်​တော်​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး​နှင့် သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်။’

38. ဤ​သည်​ကား ကြီး​မြတ်​သည့် ပ​ထ​မ​ပ​ညတ်​ချက်​ဖြစ်​၏။

39. ဒု​တိ​ယ​ပ​ညတ်​ချက်​သည်​လည်း ၎င်း​နည်း​တူ​ဖြစ်​ပြီး ‘ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။

40. ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​အ​လုံး​စုံ​တို့​သည် ဤ​ပ​ညတ်​ချက်​နှစ်​ပါး​အ​ပေါ်​တွင်​တည်​၏”​ဟု မိန့်​တော်​မူ​၏။

41. ထို့​နောက် ဖာ​ရိ​ရှဲ​တို့​စု​ဝေး​နေ​ကြ​စဉ် ယေ​ရှု​က

42. “သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ပတ်​သက်​၍ မည်​သို့ ထင်​မြင်​ကြ​သ​နည်း။ သူ​သည် မည်​သူ​၏​သား​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဒါ​ဝိဒ်​၏​သား​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 22