4. တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။
5. သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။
6. အခြားသောသူတို့မူကား ဘုရင်၏အစေအပါးတို့ကိုဖမ်းဆီးလျက် နှိပ်စက်ကာ သတ်ဖြတ်ကြ၏။
7. ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
8. ထို့နောက် သူ၏အစေအပါးတို့အား ‘မင်္ဂလာဆောင်ပွဲသည် အဆင်သင့်ဖြစ်သော်လည်း ဖိတ်ခေါ်ထားသောသူတို့သည် မထိုက်တန်ကြသောကြောင့်
9. လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။
31-32. သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု သင်တို့အား မိန့်တော်မူခဲ့သောစကားကို မဖတ်ဖူးကြသလော။ ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
33. လူထုပရိသတ်တို့သည် ကြားသောအခါ ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
34. ဇဒ္ဒုကဲတို့ကို ကိုယ်တော်နှုတ်ဆိတ်စေတော်မူခဲ့ကြောင်း ဖာရိရှဲတို့ကြားလျှင် အတူတကွစုဝေးလာကြ၍
35. သူတို့ထဲမှ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့်
36. “ဆရာ၊ ပညတ်တရားထဲတွင် မည်သည့်ပညတ်ချက်သည် ကြီးမြတ်သနည်း”ဟု မေးလျှောက်လေ၏။