ရှင်​မဿဲ​ခ​ရစ်​ဝင် 22:25-29 Myanmar Standard Bible (MSB)

25. အ​ကျွန်ုပ်​တို့​ထံ​တွင် ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် အိမ်​ထောင်​ပြု​ပြီး မျိုး​ဆက်​မ​ရှိ​ဘဲ သေ​ဆုံး​လျက် သူ​၏​မ​ယား​ကို သူ့​ညီ​ထံ ထား​ရစ်​ခဲ့​ပါ​သည်။

26. ဒု​တိ​ယ​ညီ​နှင့်​တ​တိ​ယ​ညီ​မှ​စ​၍ ခု​နစ်​ယောက်​မြောက်​တိုင်​အောင် ထို​နည်း​တူ​ဖြစ်​ကြ​ပါ​သည်။

27. နောက်​ဆုံး​တွင် ထို​မိန်း​မ​သည်​လည်း သေ​ဆုံး​သွား​ပါ​သည်။

28. သို့​ဖြစ်​လျှင် ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ ထို​မိန်း​မ​သည် ထို​ခု​နစ်​ဦး​တို့​ထဲ​မှ မည်​သူ​၏​မ​ယား​ဖြစ်​ပါ​မည်​နည်း။ အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် ထို​မိန်း​မ​နှင့်​ပေါင်း​ဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေး​လျှောက်​ကြ​၏။

29. ယေ​ရှု​က​လည်း “သင်​တို့​သည် ကျမ်း​စာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​လည်း​ကောင်း မ​သိ​၍ အ​ယူ​လွဲ​နေ​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 22