7. သူတို့သည် မြည်းမနှင့်မြည်းကလေးကို ခေါ်ဆောင်လာပြီးလျှင် ထိုမြည်းတို့အပေါ်၌ အဝတ်များကိုခင်းကြရာ ကိုယ်တော်သည် ၎င်းတို့အပေါ်ထိုင်တော်မူ၏။
8. အလွန်များပြားသောလူထုပရိသတ်သည်လည်း မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။ အချို့တို့မူကား သစ်ပင်တို့မှ အကိုင်းအခက်များကိုခုတ်လာ၍ လမ်းပေါ်၌ခင်းကြ၏။
9. ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။
10. ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်တော်မူရာ တစ်မြို့လုံးရုတ်ရုတ်ရက်ရက်ဖြစ်သဖြင့် “ဤသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။
11. လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။
12. ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ