ရှင်​မဿဲ​ခ​ရစ်​ဝင် 20:9-12 Myanmar Standard Bible (MSB)

9. ထို​အ​ခါ ည​နေ​ငါး​နာ​ရီ​ခန့်​တွင်​ငှား​ထား​သော​သူ​တို့​သည် လာ​၍ ဒေ​နာ​ရိ​တစ်​ပြား​စီ​ရ​ကြ​၏။

10. ပ​ထ​မ​ဦး​ဆုံး​ငှား​ထား​သော​သူ​တို့​သည်​လည်း လာ​ကြ​ကာ မိ​မိ​တို့​ပို​၍​ရ​လိမ့်​မည်​ဟု ထင်​ကြ​၏။ သို့​သော် သူ​တို့​သည်​လည်း ဒေ​နာ​ရိ​တစ်​ပြား​စီ​ရ​ကြ​၏။

11. ထို​ငွေ​ကို​ရ​ရှိ​ကြ​သော​အ​ခါ သူ​တို့​က

12. ‘နောက်​ဆုံး​လာ​သော ဤ​သူ​တို့​သည် တစ်​နာ​ရီ​မျှ​သာ အ​လုပ်​လုပ်​ခဲ့​ကြ​သော်​လည်း အ​ရှင်​သည် တစ်​နေ​ကုန် နေ​ပူ​ထဲ​တွင်​အ​ပင်​ပန်း​ခံ​ရ​သည့်​အ​ကျွန်ုပ်​တို့​နှင့် တန်း​တူ​ဖြစ်​စေ​ပါ​သည်​တ​ကား’​ဟု ခြံ​ပိုင်​ရှင်​အား မ​ကျေ​မ​နပ်​ပြော​ဆို​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 20