18. ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
19. ဟေရုဒ်မင်းကြီးအနိစ္စရောက်ပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် အီဂျစ်ပြည်၌ရှိသောယောသပ်အား အိပ်မက်တွင်ထင်ရှားကာ
20. “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်၍ အစ္စရေးပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သူငယ်တော်၏အသက်ကို ရန်ရှာခဲ့သောသူတို့သည် သေဆုံးကြလေပြီ”ဟု မြွက်ဆို၏။
21. ထိုအခါ ယောသပ်သည်ထ၍ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်ဆောင်ကာ အစ္စရေးပြည်သို့ ပြန်လာလေ၏။
22. သို့သော် အာခေလသည် ခမည်းတော်ဟေရုဒ်မင်းကြီး၏အရိုက်အရာကိုဆက်ခံလျက် ယုဒနယ်ကိုအုပ်ချုပ်နေကြောင်း ကြားရသောအခါ ထိုနယ်သို့သွားရန် ကြောက်ရွံ့လေ၏။ အိပ်မက်ထဲတွင်လည်း ဗျာဒိတ်တော်ရသဖြင့် ဂါလိလဲနယ်မြေဒေသသို့ ထွက်ခွာသွား၍
23. နာဇရက်ဟုခေါ်သောမြို့တွင် သွားရောက်နေထိုင်လေ၏။ ဤသည်ကား “ကိုယ်တော်သည် နာဇရက်မြို့သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်”ဟူ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။