ရှင်​မဿဲ​ခ​ရစ်​ဝင် 2:1-16-17 Myanmar Standard Bible (MSB)

1. ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်​တွင် ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​၌ ယေ​ရှု​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​နောက် အ​ရှေ့​ပြည်​မှ နက္ခတ်​ပ​ညာ​ရှင်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ ရောက်​လာ​ကြ​၍

10. သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​ပြီး

11. အိမ်​ထဲ​သို့​ဝင်​၍ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို​တွေ့​လျှင် ပျပ်​ဝပ်​လျက်​ရှိ​ခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်​ဗန်​နှင့် မု​ရန်​တည်း​ဟူ​သော လက်​ဆောင်​များ​ကို သူ​ငယ်​တော်​အား​ဆက်​သ​ကြ​၏။

12. ထို့​နောက် ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ ပြန်​မ​သွား​မည့်​အ​ကြောင်း အိပ်​မက်​ထဲ​တွင် ဗျာ​ဒိတ်​တော်​ရ​သ​ဖြင့် မိ​မိ​တို့​တိုင်း​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့်​ပြန်​သွား​ကြ​၏။

13. ထို​သူ​တို့​ထွက်​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ယော​သပ်​အား အိပ်​မက်​ထဲ​တွင်​ထင်​ရှား​၍ “ထ​လော့။ သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို​ခေါ်​လျက် အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​၍ နောက်​တစ်​ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်​အောင် ထို​ပြည်​၌​နေ​လော့။ အ​ကြောင်း​မူ​ကား ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံ​ရွယ်​နေ​၏”​ဟု မြွက်​ဆို​လေ​၏။

14. ထို​အ​ခါ ယော​သပ်​သည်​ထ​၍ ည​အ​ချိန်​၌​ပင် သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို ခေါ်​ဆောင်​ကာ အီ​ဂျစ်​ပြည်​သို့ ထွက်​ခွာ​သွား​ပြီး​လျှင်

15. ဟေ​ရုဒ်​မင်း​ကြီး​အ​နိစ္စ​ရောက်​သည့်​တိုင်​အောင် ထို​ပြည်​၌​နေ​လေ​၏။ ဤ​သည်​ကား “ငါ့​သား​ကို အီ​ဂျစ်​ပြည်​မှ ငါ​ခေါ်​ထုတ်​ခဲ့​၏”​ဟု ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

16-17. ထို့​နောက် ဟေ​ရုဒ်​မင်း​ကြီး​သည် နက္ခတ်​ပ​ညာ​ရှင်​တို့​၏​မ​ထီ​လေး​စား​ပြု​ခြင်း​ကို​ခံ​ရ​ကြောင်း​သိ​လျှင် အ​မျက်​ပြင်း​ထန်​စွာ​ထွက်​၍ နက္ခတ်​ပ​ညာ​ရှင်​တို့​ထံ​မှ သေ​ချာ​စွာ​လေ့​လာ​စိ​စစ်​ထား​သည့်​အ​ချိန်​ကာ​လ​အ​ရ ဗက်​လင်​မြို့​နှင့် ၎င်း​အ​ရပ်​ဒေ​သ​တစ်​ဝိုက်​တွင်​ရှိ​သော အ​သက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျား​လေး​အား​လုံး​တို့​ကို သတ်​စေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 2