23. ထိုအခါ ယေရှုက “သင်တို့အား ငါအမှန်ဆိုသည်ကား ချမ်းသာသောသူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှ၏။
24. တစ်ဖန် သင်တို့အား ငါဆိုသည်ကား ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုပ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
25. တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။