5. ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
6. တပည့်တော်တို့သည် ထိုအသံကိုကြားလျှင် အလွန်ကြောက်ရွံ့လျက် သူတို့မျက်နှာကို မြေမှာအပ်ထားကြ၏။
7. ထိုအခါ ယေရှုသည် ချဉ်းကပ်လာ၍ သူတို့ကိုတို့ထိကာ “ထကြလော့၊ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
8. သူတို့သည် မော့ကြည့်ကြရာ ယေရှုတစ်ပါးတည်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့မြင်ကြ။
9. ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက “လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။
10. ထိုအခါ တပည့်တော်တို့က “သို့ဖြစ်လျှင် ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အား မေးလျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “ဧလိယသည်လာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။
12. သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည်ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကိုမသိကြဘဲ သူ့အပေါ်ပြုလိုရာပြုခဲ့ကြပြီ။ ထိုနည်းတူ လူ့သားသည်လည်း သူတို့လက်၌ ဒုက္ခဝေဒနာခံစားရတော့မည်”ဟု ပြန်၍ မိန့်တော်မူ၏။
13. ထိုအခါ တပည့်တော်တို့သည် ဗတ္တိဇံဆရာယောဟန်ကိုရည်ညွှန်း၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူကြောင်း သဘောပေါက်ကြ၏။
14. ထို့နောက် လူထုပရိသတ်ရှိရာသို့ရောက်လာကြရာ လူတစ်ဦးသည် ကိုယ်တော်ထံ ချဉ်းကပ်လာ၍ ရှေ့တော်၌ ဒူးထောက်ကာ