ရှင်​မဿဲ​ခ​ရစ်​ဝင် 16:1-3 Myanmar Standard Bible (MSB)

1. ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ချဉ်း​ကပ်​လာ​၍ ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​ပေး​ပါ​ရန် တောင်း​ဆို​ကြ​၏။

2. ကိုယ်​တော်​က​လည်း “[သင်​တို့​သည် ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ‘မိုး​ကောင်း​ကင်​နီ​ရဲ​သည်​ဖြစ်​၍ ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်’​ဟု ဆို​တတ်​ကြ​၏။

3. နံ​နက်​စော​စော​အ​ချိန်​တွင်​လည်း ‘မိုး​ကောင်း​ကင်​အုံ့​မှိုင်း​လျက်​နီ​ရဲ​သည်​ဖြစ်​၍ ယ​နေ့​မုန်​တိုင်း​လာ​လိမ့်​မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​၏​အ​သွင်​အ​ပြင်​ကို ပိုင်း​ခြား​၍​သိ​ကြ​သော်​လည်း အ​ချိန်​ကာ​လ​များ​၏​နိ​မိတ်​လက္ခ​ဏာ​များ​ကို​မူ ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ။]

ရှင်​မဿဲ​ခ​ရစ်​ဝင် 16