ရှင်​မဿဲ​ခ​ရစ်​ဝင် 13:44-51 Myanmar Standard Bible (MSB)

44. ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သော​အ​ခါ ပြန်​လည်​ဝှက်​ထား​ပြီး​လျှင် ဝမ်း​မြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အ​ရာ​အား​လုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။

45. တစ်​ဖန် ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​ပု​လဲ​ကို​ရှာ​ဖွေ​နေ​သော ကုန်​သည်​နှင့်​တူ​၏။

46. သူ​သည် အ​လွန်​အ​ဖိုး​တန်​သော​ပု​လဲ​တစ်​လုံး​ကို​တွေ့​သော​အ​ခါ သွား​၍ သူ​၌​ရှိ​သ​မျှ​တို့​ကို​ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို​ဝယ်​လေ​၏။

47. တစ်​ဖန် ကောင်း​ကင်​နိုင်​ငံ​တော်​သည် ပင်​လယ်​ထဲ​၌​ချ​၍ ငါး​အ​မျိုး​စုံ​ကို​ဖမ်း​မိ​သော ပိုက်​ကွန်​နှင့်​တူ​၏။

48. ငါး​နှင့်​ပြည့်​သော​အ​ခါ ထို​ပိုက်​ကွန်​ကို ကမ်း​ပေါ်​သို့​ဆွဲ​တင်​ကာ ထိုင်​လျက် ကောင်း​သော​ငါး​များ​ကို ခြင်း​တောင်း​ထဲ​သို့​ခွဲ​ထည့်​၍ မ​ကောင်း​သော​ငါး​များ​ကို အ​ပြင်​သို့​ပစ်​လိုက်​ကြ​၏။

49. ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌ ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍ ဆိုး​ညစ်​သော​သူ​တို့​ကို ဖြောင့်​မတ်​သော​သူ​တို့​ထဲ​မှ သီး​ခြား​ခွဲ​ထား​ကာ

50. မီး​ပြင်း​ဖို​ထဲ​သို့ ပစ်​ချ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်။

51. ဤ​အ​ရာ​အား​လုံး​ကို သင်​တို့​နား​လည်​ကြ​သ​လော”​ဟု မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က “နား​လည်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 13