ရှင်​မဿဲ​ခ​ရစ်​ဝင် 13:11-22 Myanmar Standard Bible (MSB)

11. ကိုယ်​တော်​က​လည်း “သင်​တို့​အား ကောင်း​ကင်​နိုင်​ငံ​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်​လည်း သူ​တို့​ကို​မူ​ကား သိ​ခွင့်​မ​ပေး​ထား​သော​ကြောင့်​ဖြစ်​၏။

12. အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​သ​ဖြင့် သူ​သည် ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

13. ဤ​အ​ကြောင်း​ကြောင့် ငါ​သည် သူ​တို့​အား ပုံ​ဥ​ပ​မာ​များ​ဖြင့်​မြွက်​ဆို​ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည် မြင်​လျက်​ပင်​မ​မြင်၊ ကြား​လျက်​ပင်​မ​ကြား၊ နား​လည်း​မ​လည်​ကြ​သော​ကြောင့်​ဖြစ်​၏။

14. ဤ​သို့​ဖြင့် ဟေ​ရှာ​ယ​၏​ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်​သည် သူ​တို့​၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟော​ပြော​ချက်​ကား ‘သင်​တို့​သည် ကြား​လျက်​ပင် လုံး​ဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် လုံး​ဝ​သ​တိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်​မည်။

15. အ​ကြောင်း​မူ​ကား ဤ​လူ​တို့​၏​စိတ်​နှ​လုံး​သည် ထုံ​ထိုင်း​လျက် နား​သည်​လည်း လေး​လျက် မျက်​စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ နား​ဖြင့်​ကြား​လျက် စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် ငါ​သည် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည်’​ဟူ​၍​ဖြစ်​၏။

16. သို့​သော် သင်​တို့​၏​မျက်​စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သော​ကြောင့် မင်္ဂ​လာ​ရှိ​၏။

17. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား များ​စွာ​သော​ပ​ရော​ဖက်​တို့​နှင့် ဖြောင့်​မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​မြင်​လို​ကြ​သော်​လည်း မ​မြင်​ခဲ့​ကြ​ရ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​ကြား​လို​ကြ​သော်​လည်း မ​ကြား​ခဲ့​ကြ​ရ​ပေ။

18. ထို့​ကြောင့် မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ​ကို သင်​တို့​နား​ထောင်​ကြ​လော့။

19. မည်​သူ​မ​ဆို နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​တ​ရား​စ​ကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်​နတ်​သည်​လာ​၍ သူ​၏​စိတ်​နှ​လုံး​ထဲ​၌​ကြဲ​ထား​သော​အ​ရာ​ကို လု​ယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ ထို​သို့​သော​သူ​ကို​ဆို​လို​၏။

20. ကျောက်​ပေါ​များ​သော​နေ​ရာ​တွင်​ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ ဝမ်း​မြောက်​စွာ​ဖြင့် ချက်​ချင်း​လက်​ခံ​သော​သူ​ကို​ဆို​လို​၏။

21. သို့​သော် သူ​၌​အ​မြစ်​မ​စွဲ​သ​ဖြင့် ခ​ဏ​သာ​ခံ​၏။ တ​ရား​စ​ကား​ကြောင့် ဆင်း​ရဲ​ဒုက္ခ သို့​မ​ဟုတ် ညှဉ်း​ဆဲ​ခြင်း​ရောက်​လာ​သော​အ​ခါ ချက်​ချင်း​စိတ်​ပျက်​သွား​လေ​၏။

22. ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​သော်​လည်း လော​ကီ​ရေး​ရာ​၌​စိုး​ရိမ်​ပူ​ပန်​ခြင်း​နှင့် စည်း​စိမ်​၏​လှည့်​ဖြား​ခြင်း​တို့​က တ​ရား​စ​ကား​ကို ကာ​ဆီး​ပိတ်​ဆို့​သ​ဖြင့် အ​သီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 13