ရှင်​မဿဲ​ခ​ရစ်​ဝင် 11:5-10 Myanmar Standard Bible (MSB)

5. မျက်​မ​မြင်​တို့​သည် မျက်​စိ​မြင်​ကြ​ရ​၏။ ခြေ​မ​သန်​စွမ်း​သူ​တို့​သည် လမ်း​လျှောက်​ကြ​ရ​၏။ အ​နာ​ကြီး​ရော​ဂါ​သည်​တို့​သည် စင်​ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နား​မ​ကြား​သော​သူ​တို့​သည် ကြား​ကြ​ရ​၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်း​ရဲ​သား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​ကို ကြား​ကြ​ရ​၏။

6. ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

7. ထို​သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား ယော​ဟန်​နှင့်​ပတ်​သက်​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် တော​ကန္တာ​ရ​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​နေ​သော​ကျူ​ပင်​ကို​လော။

8. သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​ကို​လော။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​တို့​သည် ဘု​ရင့်​နန်း​တော်​များ​၌​ရှိ​ကြ​၏။

9. ထို​သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ပင် ကြီး​မြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

10. ‘ကြည့်​ရှု​လော့။ သင့်​ရှေ့​၌​သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင်​ဦး​စွာ​ငါ​စေ​လွှတ်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အ​ကြောင်း​ပင်​ဖြစ်​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 11