ရှင်​မဿဲ​ခ​ရစ်​ဝင် 11:24-28 Myanmar Standard Bible (MSB)

24. သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သော​ဒုံ​မြို့​သည် သင့်​ထက် ခံ​သာ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ချိန်​တွင် ယေ​ရှု​က “ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် ပ​ညာ​ရှိ​များ​နှင့်​ဉာဏ်​ထက်​မြက်​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို​ကွယ်​ဝှက်​ထား​လျက် က​လေး​သူ​ငယ်​တို့​ကို​ဖွင့်​ပြ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​၏။

26. မှန်​ပါ​၏ အ​ဖ။ ဤ​သည်​ကား ရှေ့​တော်​၌ နှစ်​သက်​တော်​မူ​သော​အ​ရာ​ဖြစ်​ပါ​၏။’

27. ငါ​၏​ခ​မည်း​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး မည်​သူ​မျှ သား​တော်​ကို​မ​သိ။ ခ​မည်း​တော်​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်​ပြ​လို​သော​သူ​တို့​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​မ​သိ။

28. ဝန်​လေး​၍​ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ပေး​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 11