ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:2-7 Myanmar Standard Bible (MSB)

2. ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို​သာ​ခေါ်​၍ သူ​တို့​ကို မြင့်​မား​သော​တောင်​ပေါ်​သို့ သီး​သန့်​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ရှေ့​၌ အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​၍

3. ဝတ်​ရုံ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ မည်​သည့်​ခ​ဝါ​သည်​မျှ ထို​ကဲ့​သို့​ဖြူ​ဖွေး​စေ​ရန် မ​လုပ်​နိုင်​လောက်​အောင် အ​လွန်​ဖြူ​ဖွေး​တောက်​ပ​လာ​လေ​၏။

4. ဧ​လိ​ယ​နှင့်​မော​ရှေ​တို့​သည်​လည်း သူ​တို့​ရှေ့​တွင်​ပေါ်​လာ​၍ ယေ​ရှု​နှင့်​စ​ကား​ပြော​နေ​ကြ​၏။

5. ထို​အ​ခါ ပေ​တ​ရု​က “ရဗ္ဗိ၊ ဤ​နေ​ရာ​သည် အ​ကျွန်ုပ်​တို့​အ​တွက် နေ​စ​ရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်​တော်​အ​တွက်​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင် အ​ကျွန်ုပ်​တို့​ဆောက်​ပါ​ရ​စေ”​ဟု ယေ​ရှု​အား​လျှောက်​ထား​လေ​၏။

6. သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် ပေ​တ​ရု​သည် မည်​သို့​လျှောက်​ရ​မည်​ကို​မ​သိ​သော​ကြောင့် ထို​သို့​လျှောက်​ထား​ခြင်း​ဖြစ်​၏။

7. ထို​အ​ခါ မိုး​တိမ်​သည်​ပေါ်​လာ​၍ သူ​တို့​ကို​ဖုံး​လွှမ်း​ပြီး​လျှင် “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​စ​ကား​ကို​နား​ထောင်​ကြ​လော့”​ဟု မိုး​တိမ်​ထဲ​မှ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9