ရှင်​မာ​ကု​ခ​ရစ်​ဝင် 6:3-20 Myanmar Standard Bible (MSB)

3. သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ​၏​သား​ဖြစ်​ပြီး ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​မ​ဟုတ်​လော။ သူ​၏​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့်​အ​တူ ဤ​အ​ရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြော​ဆို​ကာ ကိုယ်​တော်​အ​ပေါ်​ဘ​ဝင်​မ​ကျ​ဖြစ်​ကြ​၏။

4. ယေ​ရှု​က​လည်း “ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့၊ မိ​မိ​၏​ဆွေ​မျိုး​များ​ကြား​နှင့် မိ​မိ​၏​အိမ်​တို့​မှ​တစ်​ပါး မည်​သည့်​အ​ရပ်​၌​မျှ ဂုဏ်​သ​ရေ​မဲ့​သည်​ဟူ​၍​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

5. ကိုယ်​တော်​သည် မ​ကျန်း​မာ​သော​သူ​အ​နည်း​ငယ်​တို့​အ​ပေါ် လက်​တော်​တင်​လျက် ကျန်း​မာ​စေ​ခဲ့​ခြင်း​မှ​တစ်​ပါး ထို​နေ​ရာ​၌ မည်​သည့်​တန်​ခိုး​လက္ခ​ဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။

6. ကိုယ်​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​အ​တွက် အံ့​သြ​တော်​မူ​ပြီး ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​သို့ လှည့်​လည်​၍​သွန်​သင်​တော်​မူ​၏။

7. ထို့​နောက် ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​နှစ်​ဦး​စီ​စေ​လွှတ်​ကာ သူ​တို့​အား ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​အာ​ဏာ​ကို​ပေး​တော်​မူ​၏။

8. ထို့​ပြင် လမ်း​ခ​ရီး​အ​တွက် တောင်​ဝှေး​တစ်​ချောင်း​မှ​တစ်​ပါး မည်​သည့်​အ​ရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အ​စား​အ​စာ၊ လွယ်​အိတ်​နှင့် ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါး​ပန်း​၌​မ​ထည့်​သွား​ဘဲ

9. ဖိ​နပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်​မှာ​တော်​မူ​၏။

10. တစ်​ဖန် သူ​တို့​အား “မည်​သည့်​အ​ရပ်​တွင်​မ​ဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သော​အ​ခါ ထို​အ​ရပ်​မှ​ပြန်​လည်​ထွက်​ခွာ​သည့်​တိုင်​အောင် ထို​အိမ်​၌​တည်း​ခို​ကြ​လော့။

11. မည်​သည့်​အ​ရပ်​၌​မ​ဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စ​ကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အ​ရပ်​မှ​ထွက်​ခွာ​ကြ​စဉ် သူ​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​စေ​ရန် သင်​တို့​၏​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍ လူ​တို့​နောင်​တ​ရ​ကြ​မည့်​အ​ကြောင်း ဟော​ပြော​ကြ​၏။

13. သူ​တို့​သည် များ​စွာ​သော​နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​ကာ မ​ကျန်း​မာ​သော​သူ​များ​စွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်း​မာ​စေ​ကြ​၏။

14. ကိုယ်​တော်​၏​နာ​မ​တော်​သည် ထင်​ပေါ်​ကျော်​ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အ​ချို့​တို့​က “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ။ ထို့​ကြောင့် သူ​၌ တန်​ခိုး​လက္ခ​ဏာ​များ​ထင်​ရှား​နေ​၏”​ဟု ဆို​ကြ​၏။

15. အ​ချို့​တို့​က​လည်း “သူ​သည် ဧ​လိ​ယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အ​ချို့​တို့​က​လည်း “ရှေး​ပ​ရော​ဖက်​များ​တစ်​ပါး​ပါး​ကဲ့​သို့​သော​ပ​ရော​ဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။

16. ဟေ​ရုဒ်​သည်​ကြား​လျှင် “ငါ​ခေါင်း​ဖြတ်​ကွပ်​မျက်​ခဲ့​သော​ယော​ဟန်​သည် ထ​မြောက်​လေ​ပြီ”​ဟု ဆို​၏။

17. ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို ဖိ​လိပ္ပု​၏​ဇ​နီး ဟေ​ရော​ဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်​တိုင်​လူ​လွှတ်​၍ ယော​ဟန်​ကို​ဖမ်း​ဆီး​ကာ ထောင်​ထဲ​၌ ချုပ်​နှောင်​ထား​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဟေ​ရုဒ်​သည် ထို​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သ​ဖြင့်

18. ယော​ဟန်​က “သင်​သည် အစ်​ကို​၏​ဇ​နီး​ကို​သိမ်း​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သော​ကြောင့်​ဖြစ်​၏။

19. ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို​ရန်​ငြိုး​ထား​လျက် သတ်​လို​သော်​လည်း အ​ခွင့်​မ​ရ​ခဲ့​ချေ။

20. အ​ကြောင်း​မူ​ကား ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သူ​ဖြစ်​ကြောင်း ဟေ​ရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်​ရွံ့​ရို​သေ​လျက် စောင့်​ရှောက်​ထား​သည့်​အ​ပြင် ယော​ဟန်​၏​စ​ကား​ကို​ကြား​ရ​သည့်​အ​ခါ အ​လွန်​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​တတ်​သော်​လည်း ဝမ်း​မြောက်​စွာ​နား​ထောင်​လေ့​ရှိ​သော​ကြောင့်​ဖြစ်​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 6