ရှင်​မာ​ကု​ခ​ရစ်​ဝင် 6:24-29 Myanmar Standard Bible (MSB)

24. ထို​အ​ခါ မိန်း​က​လေး​သည်​ထွက်​သွား​၍ “မည်​သည့်​အ​ရာ​ကို တောင်း​ရ​ပါ​မည်​နည်း”​ဟု မိ​မိ​၏​မိ​ခင်​အား​မေး​လေ​ရာ မိ​ခင်​က “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း”​ဟု ဆို​၏။

25. သူ​သည်​လည်း ချက်​ချင်း​ပင် မင်း​ကြီး​ထံ​အ​လျင်​အ​မြန်​ဝင်​၍ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယ​ခု​ပင် ကျွန်​မ​အား​ပေး​စေ​လို​ပါ​သည်”​ဟု တောင်း​လျှောက်​လေ​၏။

26. မင်း​ကြီး​သည် အ​လွန်​စိတ်​မ​ကောင်း​ဖြစ်​သော်​လည်း ပြု​ထား​သော​က​တိ​သစ္စာ​ကို​လည်း​ကောင်း၊ စား​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်​၍ သူ့​ကို မ​ငြင်း​ဆန်​လို​သ​ဖြင့်

27. အာ​ဏာ​ပါး​ကွက်​သား​တစ်​ဦး​ကို ချက်​ချင်း​စေ​လွှတ်​ကာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​လေ​၏။ ထို​သူ​သည်​လည်း​သွား​၍ ယော​ဟန်​၏​ဦး​ခေါင်း​ကို ထောင်​ထဲ​၌ ဖြတ်​ပြီး​လျှင်

28. ထို​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယူ​လာ​ကာ မိန်း​က​လေး​အား​ပေး​လေ​၏။ မိန်း​က​လေး​သည်​လည်း ၎င်း​ကို မိ​မိ​၏​မိ​ခင်​အား​ပေး​လေ​၏။

29. ယော​ဟန်​၏​တ​ပည့်​တို့​သည် ထို​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ လာ​၍ သူ​၏​အ​လောင်း​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ဂူ​သွင်း​သင်္ဂြိုဟ်​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 6