9. တစ်ဖန် ကိုယ်တော်က “သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ ထိုသူက “အကျွန်ုပ်၏နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် များစွာရှိကြသောကြောင့်ဖြစ်၏”ဟု လျှောက်လေ၏။
10. ထို့နောက် မိမိတို့ကို ထိုအရပ်ဒေသမှနှင်ထုတ်တော်မမူရန် ကိုယ်တော်အား အနူးအညွတ်တောင်းပန်လေ၏။
11. ထိုအရပ်အနီးအနားရှိ တောင်ကုန်းပေါ်၌ ဝက်အုပ်ကြီးတစ်အုပ်ကျက်စားလျက်ရှိ၏။
12. နတ်ဆိုးတို့က “ဝက်များထဲသို့ ဝင်ရပါမည့်အကြောင်း ၎င်းတို့ထဲသို့ အကျွန်ုပ်တို့ကို စေလွှတ်တော်မူပါ”ဟု တောင်းပန်ကြ၏။
13. ကိုယ်တော်သည်လည်း ခွင့်ပြုတော်မူသဖြင့် ညစ်ညူးသောနတ်တို့သည်ထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ နှစ်ထောင်ခန့်ရှိသောဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း ပင်လယ်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ပင်လယ်ထဲ၌ ရေနစ်သေဆုံးကြကုန်၏။
14. ဝက်ထိန်းကျောင်းသောသူတို့သည် ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြသဖြင့် လူတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုကြည့်ရှုရန် ထွက်လာကြ၏။