ရှင်​မာ​ကု​ခ​ရစ်​ဝင် 5:24-34 Myanmar Standard Bible (MSB)

24. ထို့​ကြောင့် ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​လိုက်​သွား​တော်​မူ​၏။ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။

25. ထို​အ​ခါ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​၍

26. များ​စွာ​သော​ဆေး​ဆ​ရာ​တို့​ထံ​၌ အ​လွန်​ဝေ​ဒ​နာ​ခံ​စား​ရ​လျက် မိ​မိ​၌​ရှိ​သ​မျှ​တို့​ကို အ​ကုန်​သုံး​စွဲ​ခဲ့​သော်​လည်း မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​သည်​သာ​မ​က ရော​ဂါ​ပို​၍​ဆိုး​ရွား​လာ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည်

27-28. ယေ​ရှု​အ​ကြောင်း​ကို​ကြား​၍ “ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ကို တို့​ထိ​ရ​လျှင်​ပင် ရော​ဂါ​ပျောက်​ကင်း​လိမ့်​မည်”​ဟု ဆို​လျက် လူ​ထု​ပ​ရိ​သတ်​ကြား​မှ ကိုယ်​တော်​၏​နောက်​တော်​သို့​လာ​ပြီး ဝတ်​ရုံ​တော်​ကို​တို့​ထိ​လေ​၏။

29. ထို​ခ​ဏ​ချင်း​တွင် သူ​ခံ​စား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​သ​ဖြင့် သူ​သည် ရော​ဂါ​ဝေ​ဒ​နာ​ပျောက်​ကင်း​သွား​ကြောင်း မိ​မိ​ကိုယ်​ခန္ဓာ​၌ ခံ​စား​သိ​ရှိ​ရ​၏။

30. ယေ​ရှု​သည် မိ​မိ​ထံ​မှ​တန်​ခိုး​ထွက်​သည်​ကို ချက်​ချင်း​သိ​တော်​မူ​၍ လူ​ထု​ပ​ရိ​သတ်​ဘက်​သို့​လှည့်​ကြည့်​ကာ “ငါ့​ဝတ်​ရုံ​ကို မည်​သူ​တို့​ထိ​သ​နည်း”​ဟု မေး​တော်​မူ​၏။

31. တ​ပည့်​တော်​တို့​က​လည်း “ကိုယ်​တော်​ကို​တိုး​ဝှေ့​နေ​ကြ​သည့် လူ​ထု​ပ​ရိ​သတ်​ကို​မြင်​တော်​မူ​ပါ​လျက်​နှင့် ‘ငါ့​ကို မည်​သူ​တို့​ထိ​သ​နည်း’​ဟူ​၍ မေး​တော်​မူ​ရ​ပါ​သ​လော”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

32. သို့​သော် ကိုယ်​တော်​သည် ထို​သို့​ပြု​သော​သူ​ကို​တွေ့​မြင်​ရန် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​တော်​မူ​၏။

33. ထို​အ​ခါ ထို​အ​မျိုး​သ​မီး​သည် မိ​မိ​၌​မည်​သို့​ဖြစ်​ခဲ့​သည်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့​တုန်​လှုပ်​လျက် ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ကာ ဟုတ်​မှန်​သည့်​အ​တိုင်း အ​ကုန်​အ​စင်​လျှောက်​ထား​လေ​၏။

34. ကိုယ်​တော်​က​လည်း “သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ ငြိမ်း​ချမ်း​စွာ​သွား​၍ သင်​၏​ရော​ဂါ​ဝေ​ဒ​နာ​နှင့်​ကင်း​လွတ်​လော့”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 5