ရှင်​မာ​ကု​ခ​ရစ်​ဝင် 5:10-15 Myanmar Standard Bible (MSB)

10. ထို့​နောက် မိ​မိ​တို့​ကို ထို​အ​ရပ်​ဒေ​သ​မှ​နှင်​ထုတ်​တော်​မ​မူ​ရန် ကိုယ်​တော်​အား အ​နူး​အ​ညွတ်​တောင်း​ပန်​လေ​၏။

11. ထို​အ​ရပ်​အ​နီး​အ​နား​ရှိ တောင်​ကုန်း​ပေါ်​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်​စား​လျက်​ရှိ​၏။

12. နတ်​ဆိုး​တို့​က “ဝက်​များ​ထဲ​သို့ ဝင်​ရ​ပါ​မည့်​အ​ကြောင်း ၎င်း​တို့​ထဲ​သို့ အ​ကျွန်ုပ်​တို့​ကို စေ​လွှတ်​တော်​မူ​ပါ”​ဟု တောင်း​ပန်​ကြ​၏။

13. ကိုယ်​တော်​သည်​လည်း ခွင့်​ပြု​တော်​မူ​သ​ဖြင့် ညစ်​ညူး​သော​နတ်​တို့​သည်​ထွက်​သွား​၍ ဝက်​များ​ထဲ​သို့​ဝင်​ကြ​ရာ နှစ်​ထောင်​ခန့်​ရှိ​သော​ဝက်​အုပ်​သည် တောင်​ကမ်း​ပါး​အ​တိုင်း ပင်​လယ်​ထဲ​သို့ တစ်​ဟုန်​ထိုး​ပြေး​ဆင်း​ကာ ပင်​လယ်​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကြ​ကုန်​၏။

14. ဝက်​ထိန်း​ကျောင်း​သော​သူ​တို့​သည် ထွက်​ပြေး​၍ မြို့​နှင့်​တော​ရွာ​များ​တွင် ပြော​ကြား​ကြ​သ​ဖြင့် လူ​တို့​သည် မည်​သည့်​အ​ရာ​ဖြစ်​ပျက်​ခဲ့​သည်​ကို​ကြည့်​ရှု​ရန် ထွက်​လာ​ကြ​၏။

15. ယေ​ရှု​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လေ​ဂေါင်​စွဲ​ခဲ့​သည့် နတ်​ဆိုး​ပူး​သူ​သည် အ​ဝတ်​ဝတ်​ထား​ကာ ပ​က​တိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့​မြင်​လျှင် ကြောက်​ရွံ့​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 5