ရှင်​မာ​ကု​ခ​ရစ်​ဝင် 3:30-35 Myanmar Standard Bible (MSB)

30. ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ သူ​တို့​က “ကိုယ်​တော်​ကို ညစ်​ညူး​သော​နတ်​ပူး​နေ​သည်”​ဟု ပြော​ဆို​ကြ​သော​ကြောင့်​ဖြစ်​၏။

31. ထို​အ​ခါ ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ရောက်​လာ​ပြီး အ​ပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်​တော်​ကို​ခေါ်​ကြ​၏။

32. လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​၏​ပတ်​လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်​တော်​အား “ကိုယ်​တော်​၏​မယ်​တော်၊ ညီ​တော်​နှင့် နှ​မ​တော်​တို့​သည် ကိုယ်​တော်​ကို​ရှာ​လျက် အ​ပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

33. ကိုယ်​တော်​က​လည်း “မည်​သူ​သည် ငါ့​အ​မိ​နှင့်​ငါ့​ညီ​များ​ဖြစ်​သ​နည်း”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်​မူ​၏။

34. ထို့​နောက် မိ​မိ​ပတ်​လည်​၌ ဝိုင်း​ရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်​ပတ်​လည်​ကြည့်​ရှု​တော်​မူ​၍ “ကြည့်​ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အ​မိ​နှင့်​ငါ့​ညီ​များ​ပေ​တည်း။

35. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 3