24. ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
25. ကိုယ်တော်ကလည်း “ဒါဝိဒ်သည် သူ၌စားစရာမရှိသဖြင့် သူမှစ၍သူနှင့်အတူရှိသောသူတို့သည် ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို မဖတ်ဖူးကြသလော။
26. သူသည် ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး မည်သူမျှစားခွင့်မရှိသော ရှေ့တော်မုန့်ကိုစားပြီးလျှင် သူနှင့်အတူရှိသောသူတို့ကိုလည်း ပေးခဲ့၏”ဟု မိန့်တော်မူ၏။
27. တစ်ဖန် သူတို့အား “ဥပုသ်နေ့သည် လူအတွက်ဖြစ်လာ၏။ လူသည် ဥပုသ်နေ့အတွက်ဖြစ်လာသည်မဟုတ်။
28. သို့ဖြစ်၍ လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်လည်းဖြစ်၏”ဟု မိန့်တော်မူ၏။