ရှင်​မာ​ကု​ခ​ရစ်​ဝင် 16:3-6 Myanmar Standard Bible (MSB)

3. သူ​တို့​က “ငါ​တို့​အ​တွက် သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး​ကို မည်​သူ​လှိမ့်​ဖယ်​ပေး​မည်​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

4. သို့​သော် သူ​တို့​မျှော်​ကြည့်​ကြ​သော​အ​ခါ ကျောက်​တုံး​အား လှိမ့်​ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ ထို​ကျောက်​တုံး​ကား အ​လွန်​ကြီး​မား​လှ​၏။

5. ထို့​နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​ထဲ​သို့​ဝင်​ကြ​ရာ ဝတ်​လုံ​ဖြူ​ဝတ်​ဆင်​သော​လူ​ငယ်​တစ်​ဦး​သည် လက်​ယာ​ဘက်​၌​ထိုင်​နေ​သည်​ကို​တွေ့​မြင်​သ​ဖြင့် ထိတ်​လန့်​အံ့​ဩ​ကြ​၏။

6. သို့​သော် ထို​သူ​က “ထိတ်​လန့်​အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​ကြ​၏။ ကိုယ်​တော်​သည်​ထ​မြောက်​တော်​မူ​ပြီ။ ဤ​နေ​ရာ​၌​မ​ရှိ။ အ​လောင်း​တော်​သွင်း​ထား​သည့်​နေ​ရာ​ကို​ကြည့်​ကြ​လော့။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 16