1. ဥပုသ်နေ့လွန်ပြီးနောက် မာဂဒလမြို့သူမာရိ၊ ယာကုပ်၏မိခင်မာရိနှင့် ဆလိုမေတို့သည် အလောင်းတော်ကို သွား၍လိမ်းရန် အမွှေးနံ့သာကို ဝယ်ယူကြ၏။
2. ထို့နောက် ရက်သတ္တပတ်၏ပထမနေ့၊ နံနက်စောစော နေထွက်ချိန်၌ သူတို့သည် သင်္ချိုင်းတော်သို့ရောက်လာကြ၏။
3. သူတို့က “ငါတို့အတွက် သင်္ချိုင်းဂူဝမှကျောက်တုံးကို မည်သူလှိမ့်ဖယ်ပေးမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
4. သို့သော် သူတို့မျှော်ကြည့်ကြသောအခါ ကျောက်တုံးအား လှိမ့်ဖယ်ထားပြီးဖြစ်သည်ကိုတွေ့ကြ၏။ ထိုကျောက်တုံးကား အလွန်ကြီးမားလှ၏။
5. ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ဝင်ကြရာ ဝတ်လုံဖြူဝတ်ဆင်သောလူငယ်တစ်ဦးသည် လက်ယာဘက်၌ထိုင်နေသည်ကိုတွေ့မြင်သဖြင့် ထိတ်လန့်အံ့ဩကြ၏။