ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:19-29 Myanmar Standard Bible (MSB)

19. သူ​တို့​သည် စိတ်​မ​ကောင်း​ဖြစ်​လျက် “အ​ကျွန်ုပ်​လော”​ဟု ကိုယ်​တော်​အား တစ်​ယောက်​ပြီး​တစ်​ယောက်​မေး​လျှောက်​ကြ​၏။

20. ကိုယ်​တော်​က​လည်း “တစ်​ဆယ့်​နှစ်​ပါး​သော​သူ​တို့​ထဲ​မှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။

21. လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍​ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

22. ထို့​နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

23. ခွက်​ကို​လည်း​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ​ရာ သူ​တို့​အား​လုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။

24. ကိုယ်​တော်​က​လည်း “ဤ​သည်​ကား လူ​များ​စွာ​အ​ဖို့​သွန်း​လောင်း​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော ငါ​၏​သွေး​ဖြစ်​၏။

25. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​၌ အ​သစ်​ပြန်​သောက်​မည့် ထို​နေ့​ရက်​တိုင်​အောင် စ​ပျစ်​သီး​မှ​ဖြစ်​သော​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

26. ထို့​နောက် သူ​တို့​သည် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့​ထွက်​သွား​ကြ​၏။

27. ထို​အ​ခါ ယေ​ရှု​က “‘ငါ​သည် သိုး​ထိန်း​ကို​ခုတ်​သတ်​သ​ဖြင့် သိုး​တို့​သည် ကွဲ​လွင့်​သွား​ရ​ကြ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ဖြစ်​၍ သင်​တို့​အား​လုံး​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။

28. သို့​သော် ငါ​သည်​ထ​မြောက်​ပြီး​နောက် ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက်​အ​လျင်​ဦး​စွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်​မူ​၏။

29. ထို​အ​ခါ ပေ​တ​ရု​က “အား​လုံး​စိတ်​ပျက်​ကြ​လျှင်​လည်း အ​ကျွန်ုပ်​သည် စိတ်​ပျက်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14