ရှင်​မာ​ကု​ခ​ရစ်​ဝင် 12:26-33 Myanmar Standard Bible (MSB)

26. သေ​သော​သူ​တို့​၏​ထ​မြောက်​ခြင်း​နှင့်​ပတ်​သက်​၍ မော​ရှေ​၏​ကျမ်း​၌ ချုံ​ပုတ်​အ​ကြောင်း​ရေး​ထား​သော​အ​ခန်း​တွင် ဘု​ရား​သ​ခင်​က ‘ငါ​သည် အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ဖြစ်​၏’​ဟု မော​ရှေ​အား မိန့်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

27. ဘု​ရား​သ​ခင်​သည် သေ​သော​သူ​တို့​၏​ဘု​ရား​မ​ဟုတ်​ဘဲ အ​သက်​ရှင်​သော​သူ​တို့​၏​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည် လွန်​စွာ​အ​ယူ​လွဲ​ကြ​ပြီ”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ဦး​သည် ချဉ်း​ကပ်​လာ​၍ သူ​တို့​ငြင်း​ခုံ​ပြော​ဆို​နေ​ကြ​သည်​ကို​ကြား​ပြီး ကိုယ်​တော်​သည် သူ​တို့​အား လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​မြင်​လျှင် “ပ​ညတ်​ချက်​အား​လုံး​တွင် မည်​သည့်​ပ​ညတ်​ချက်​သည် ပ​ထ​မ​ဖြစ်​သ​နည်း”​ဟု မေး​လျှောက်​လေ​၏။

29. ယေ​ရှု​က “ပ​ထ​မ​ပ​ညတ်​ချက်​မှာ ‘အို အစ္စ​ရေး​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

30. သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး၊ သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​နှင့် သင်​၏​အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။

31. ဒု​တိ​ယ​ပ​ညတ်​ချက်​မှာ ‘ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။ ဤ​ပ​ညတ်​ချက်​နှစ်​ပါး​ထက်​ကြီး​မြတ်​သော အ​ခြား​ပ​ညတ်​မ​ရှိ”​ဟု ဖြေ​ကြား​တော်​မူ​၏။

32. ထို​ကျမ်း​ပြု​ဆ​ရာ​က​လည်း “မှန်​ပါ​၏​ဆ​ရာ။ ဘု​ရား​သ​ခင်​သည် တစ်​ဆူ​တည်း​ရှိ​၍ ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ဟု ဆ​ရာ​ပြော​သည်​မှာ ဟုတ်​မှန်​ပါ​၏။

33. ဘု​ရား​သ​ခင်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​တို့​ဖြင့်​ချစ်​၍​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ခြင်း​သည်​လည်း မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​ပူ​ဇော်​ခြင်း​အ​ပေါင်း​တို့​ထက် သာ​၍​မြတ်​ပါ​၏”​ဟု လျှောက်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 12