ရှင်​မာ​ကု​ခ​ရစ်​ဝင် 12:12-19 Myanmar Standard Bible (MSB)

12. ထို​အ​ခါ သူ​တို့​သည် ထို​ပုံ​ဥ​ပ​မာ​ကို မိ​မိ​တို့​အား​ရည်​ညွှန်း​၍ မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ရှာ​ကြံ​ကြ​၏။ သို့​သော် လူ​ထု​ပ​ရိ​သတ်​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော်​ကို​ထား​ခဲ့​၍ ထွက်​သွား​ကြ​၏။

13. ထို့​နောက် သူ​တို့​သည် နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့် ကိုယ်​တော်​ကို​အ​ပြစ်​ရှာ​နိုင်​ရန် ဖာ​ရိ​ရှဲ​နှင့်​ဟေ​ရုဒ်​၏​လူ​အ​ချို့​တို့​ကို အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။

14. သူ​တို့​သည်​လာ​၍ ကိုယ်​တော်​အား “ဆ​ရာ၊ ဆ​ရာ​သည် ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး မည်​သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဆ​ရာ​သည် လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ​သွန်​သင်​ပါ​၏။ ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော။ အ​ကျွန်ုပ်​တို့​ဆက်​သ​သင့်​သ​လော သို့​မ​ဟုတ် မ​ဆက်​သ​သင့်​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

15. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။ ငါ​ကြည့်​ရန်​အ​တွက် ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16. သူ​တို့​ယူ​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​က “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့်​ကမ္ပည်း​စာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။

17. ယေ​ရှု​က​လည်း “ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​တို့​သည် ကိုယ်​တော်​ကို​အံ့​သြ​ကြ​၏။

18. ထို့​နောက် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒု​ကဲ​တို့​သည် အ​ထံ​တော်​သို့​လာ​၍

19. “ဆ​ရာ၊ တစ်​စုံ​တစ်​ဦး​၏​အစ်​ကို​သည် သား​သ​မီး​မ​ထွန်း​ကား​ဘဲ​သေ​ဆုံး​၍ မ​ယား​ကို​ထား​ခဲ့​လျှင် ညီ​ဖြစ်​သူ​သည် မိ​မိ​အစ်​ကို​၏​မျိုး​ဆက်​ကို​ပေါက်​ပွား​စေ​ရန် ထို​မိန်း​မ​ကို​ယူ​ရ​မည်​ဟု မော​ရှေ​က အ​ကျွန်ုပ်​တို့​အ​တွက် စီ​ရင်​ရေး​ထား​ခဲ့​ပါ​သည်။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 12