51. ယေရှုက “သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း”ဟု မေးတော်မူလျှင် မျက်မမြင်က “ရဗ္ဗုနိ၊ မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည်”ဟု လျှောက်လေ၏။
52. ယေရှုကလည်း “သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ လမ်းခရီးတစ်လျှောက် နောက်တော်သို့လိုက်သွားလေ၏။