ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:37-52 Myanmar Standard Bible (MSB)

37. သူ​တို့​က “အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​၌ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

38. သို့​သော် ယေ​ရှု​က “သင်​တို့​သည် မည်​သည့်​အ​ရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန် သို့​မ​ဟုတ် ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​နိုင်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင်

39. သူ​တို့​က “အ​ကျွန်ုပ်​တို့​တတ်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေ​ရှု​က​လည်း “ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်​မည်။ ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်​မည်။

40. သို့​သော် ငါ​၏​လက်​ယာ​ဘက်​နှင့် လက်​ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေ​ရာ​သည် ပြင်​ဆင်​ပေး​ထား​သော​သူ​တို့​အ​တွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

41. ကျန်​တ​ပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အ​ကြောင်း​ကို​ကြား​သိ​လျှင် ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို စိတ်​ဆိုး​ကြ​၏။

42. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​ကို​ခေါ်​လျက် “လူ​မျိုး​ခြား​တို့​တွင် သူ​တို့​ကို​အုပ်​ချုပ်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​သော​သူ​တို့​သည် ပြည်​သူ​တို့​အ​ပေါ် စိုး​မိုး​ခြယ်​လှယ်​ကြ​၍ သူ​တို့​၏​အ​ကြီး​အ​ကဲ​တို့​သည် သူ​တို့​အ​ပေါ် အာ​ဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

43. သင်​တို့​အ​ထဲ​၌​မူ​ကား ထို​သို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။

44. သင်​တို့​တွင် ခေါင်း​ဆောင်​ဖြစ်​လို​သော​သူ​သည် အား​လုံး​၏​အ​စေ​အ​ပါး​ဖြစ်​ရ​မည်။

45. အ​ကြောင်း​မူ​ကား လူ့​သား​သည်​လည်း လုပ်​ကျွေး​ပြု​စု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်​ကျွေး​ပြု​စု​ရန်​နှင့် များ​စွာ​သော​သူ​တို့​အ​တွက် ရွေး​နုတ်​စ​ရာ​အ​ဖိုး​အ​ခ​အ​ဖြစ် မိ​မိ​အ​သက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

46. ထို့​နောက် သူ​တို့​သည် ဂျေ​ရိ​ခေါ​မြို့​သို့​ရောက်​လာ​ကြ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​ပါ​လျက် ဂျေ​ရိ​ခေါ​မြို့​မှ​ထွက်​ခွာ​တော်​မူ​စဉ် တိ​မဲ​၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော မျက်​မ​မြင် သူ​တောင်း​စား​တစ်​ဦး​သည် လမ်း​ဘေး​တွင်​ထိုင်​လျက်​နေ​၏။

47. နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​ကြောင်း သူ​ကြား​သိ​လျှင် “ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လေ​၏။

48. လူ​အ​များ​တို့​သည် သူ့​ကို တိတ်​ဆိတ်​စွာ​နေ​ရန် ဆူ​ငေါက်​ကြ​၏။ သို့​သော် သူ​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု ပို​၍​အော်​ဟစ်​လေ​၏။

49. ထို​အ​ခါ ယေ​ရှု​သည်​ရပ်​တန့်​လျက် “သူ့​ကို​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ လူ​တို့​သည်​လည်း ထို​မျက်​မ​မြင်​ကို​ခေါ်​၍ “အား​မ​ငယ်​နှင့်။ ထ​လော့။ ကိုယ်​တော်​သည် သင့်​ကို​ခေါ်​တော်​မူ​၏”​ဟု ဆို​ကြ​၏။

50. သူ​သည်​လည်း မိ​မိ​ဝတ်​ရုံ​ကို ဘေး​သို့​ပစ်​ချ​ပြီး ထ​၍ ယေ​ရှု​ထံ​သို့​လာ​လေ​၏။

51. ယေ​ရှု​က “သင့်​အ​တွက် မည်​သည့်​အ​မှု​ကို​ပြု​စေ​လို​သ​နည်း”​ဟု မေး​တော်​မူ​လျှင် မျက်​မ​မြင်​က “ရဗ္ဗု​နိ၊ မျက်​စိ​မြင်​အောင်​လုပ်​ပေး​စေ​လို​ပါ​သည်”​ဟု လျှောက်​လေ​၏။

52. ယေ​ရှု​က​လည်း “သွား​လော့။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ”​ဟု မိန့်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​သည် မျက်​စိ​မြင်​၍ လမ်း​ခ​ရီး​တစ်​လျှောက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10