ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:20-28 Myanmar Standard Bible (MSB)

20. ထို​သူ​က​လည်း “ဆ​ရာ၊ အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို ငယ်​စဉ်​က​တည်း​က စောင့်​ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

21. ယေ​ရှု​သည် ထို​သူ​ကို​စူး​စိုက်​ကြည့်​လျက် သူ့​အ​ပေါ်​မေတ္တာ​ထား​၍ “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို သွား​၍​ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား​ပေး​ကမ်း​လော့။ ထို​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

22. ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ညှိုး​ငယ်​၍ ဝမ်း​နည်း​လျက်​ထွက်​သွား​လေ​၏။

23. ထို​အ​ခါ ယေ​ရှု​သည် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​လျက် “ငွေ​ကြေး​ချမ်း​သာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

24. တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​အံ့​အား​သင့်​ကြ​၏။ သို့​သော် ယေ​ရှု​က “ချစ်​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25. ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု ထပ်​မံ​၍​မိန့်​တော်​မူ​၏။

26. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ပို​၍​ပင်​အံ့​အား​သင့်​လျက် “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

27. ယေ​ရှု​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “ဤ​အ​ရာ​သည် လူ​တို့​အ​တွက်​မ​ဖြစ်​နိုင်​သော်​လည်း ဘု​ရား​သ​ခင်​အ​တွက်​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ကြောင်း​မှာ ဘု​ရား​သ​ခင်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည်​ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10