ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:1-3 Myanmar Standard Bible (MSB)

1. ထို့​နောက် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ​၍ ယု​ဒ​နယ်​ဆိုင်​ရာ​အ​ရပ်​ဒေ​သ​နှင့် ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​ကြွ​တော်​မူ​ရာ လူ​ထု​ပ​ရိ​သတ်​တို့​သည် အ​ထံ​တော်​သို့ တစ်​ဖန်​စု​ဝေး​လာ​ကြ​၏။ ကိုယ်​တော်​သည်​လည်း ပြု​လေ့​ရှိ​သည့်​အ​တိုင်း သူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

2. ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ချဉ်း​ကပ်​လာ​၍ “လင်​ယောက်ျား​သည် မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​ခြင်း​မှာ တ​ရား​တော်​နှင့်​ညီ​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

3. ကိုယ်​တော်​က​လည်း “မော​ရှေ​သည် သင်​တို့​ကို မည်​ကဲ့​သို့​ပ​ညတ်​ထား​သ​နည်း”​ဟု ပြန်​၍​မိန့်​တော်​မူ​လျှင်

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10