1. ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၏ကောင်းမြတ်သောသတင်းအစမှာ ဤသို့ဖြစ်၏။
2. “ကြည့်ရှုလော့။ သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင် ဦးစွာငါစေလွှတ်မည်။”
3. “တောကန္တာရ၌ ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့”ဟု ပရောဖက်ဟေရှာယ၏ကျမ်းတွင် ရေးထားသည်နှင့်အညီ
4. ယောဟန်သည်ပေါ်ထွန်းလာ၍ တောကန္တာရ၌ ဗတ္တိဇံပေးကာ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကို ဟောပြောလေ၏။
5. ထိုအခါ ယုဒနယ်တစ်နယ်လုံးမှလူများနှင့် ဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောဟန်ထံသို့သွား၍ မိမိတို့၏အပြစ်များကိုဖော်ပြဝန်ခံလျက် ဂျော်ဒန်မြစ်တွင် သူ့ထံ၌ဗတ္တိဇံခံကြ၏။
43-44. ကိုယ်တော်ကလည်း “မည်သူ့ကိုမဆို မည်သည့်အရာမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု တင်းကျပ်စွာမှာကြားလျက်သူ့ကိုချက်ချင်းပြန်သွားစေတော်မူ၏။