9. သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
10. သင်တို့သည် ယခင်က လူမျိုးတော်မဟုတ်ခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြပြီ။ ယခင်က ကရုဏာတော်ကိုမခံစားခဲ့ရသော်လည်း ယခုအခါ ကရုဏာတော်ကိုခံစားရကြပြီ။
11. ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။
12. လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။