ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:19-22 Myanmar Standard Bible (MSB)

19. သူ​တို့​သည် ထို​သူ​တို့​အား လွတ်​လပ်​မှု​ကို​ပေး​မည်​ဟု က​တိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်​တိုင်​သည် ပျက်​စီး​ခြင်း​၏​ကျေး​ကျွန်​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​သည် တစ်​စုံ​တစ်​ခု​၏​အ​နိုင်​ယူ​စိုး​မိုး​ခြင်း​ကို​ခံ​ရ​လျှင် ထို​အ​ရာ​၏​ကျေး​ကျွန်​ဖြစ်​၏။

20. ငါ​တို့​၏​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ကို​သိ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညူး​ခြင်း​မှ လွတ်​မြောက်​ကြ​ပြီး​နောက် ထို​အ​ရာ​များ​နှင့် တစ်​ဖန်​ပတ်​သက်​ငြိ​တွယ်​လျက် အ​နိုင်​ယူ​စိုး​မိုး​ခြင်း​ကို​ခံ​ရ​လျှင် သူ​တို့​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏။

21. အ​ကြောင်း​မူ​ကား ဖြောင့်​မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိ​မိ​တို့​ထံ​ပေး​အပ်​ထား​သည့် သန့်​ရှင်း​သော​ပ​ညတ်​တော်​ကို ကျော​ခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အ​တွက် သာ​၍​ကောင်း​၏။

22. ခွေး​သည် မိ​မိ​အန်​ဖတ်​ကို​ပြန်​စား​တတ်​၏။ ရေ​ချိုး​ပြီး​သော​ဝက်​သည် ရွှံ့​တွင်​ပြန်​လူး​တတ်​၏​ဟူ​သော မှန်​ကန်​သည့်​ဆို​ရိုး​စ​ကား​အ​တိုင်း ထို​သူ​တို့​၌​ဖြစ်​ပျက်​လေ​ပြီ။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2