ရော​မ​ဩ​ဝါ​ဒ​စာ 7:9-25 Myanmar Standard Bible (MSB)

9. ငါ​သည် တစ်​ချိန်​က ပ​ညတ်​တ​ရား​မ​ပါ​ဘဲ အ​သက်​ရှင်​ခဲ့​၏။ သို့​သော် ပ​ညတ်​တော်​ရောက်​လာ​သော​အ​ခါ အ​ပြစ်​သည် ပြန်​လည်​ရှင်​သန်​လာ​ပြီး ငါ​မူ​ကား သေ​ဆုံး​ခဲ့​သ​ဖြင့်

10. အ​သက်​ရှင်​ခြင်း​သို့​ရောက်​စေ​ရ​မည့် ဤ​ပ​ညတ်​တော်​သည် သေ​ခြင်း​သို့​ရောက်​စေ​သည်​ကို ငါ​တွေ့​၏။

11. အ​ကြောင်း​မူ​ကား အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​ခွင့်​ရ​ကာ ငါ့​ကို​လှည့်​ဖြား​၍ ထို​ပ​ညတ်​တော်​အား​ဖြင့် ငါ့​ကို​သတ်​လေ​၏။

12. ထို့​ကြောင့် ပ​ညတ်​တ​ရား​သည် သန့်​ရှင်း​၏။ ပ​ညတ်​တော်​သည်​လည်း သန့်​ရှင်း​ဖြောင့်​မတ်​၍ ကောင်း​မြတ်​၏။

13. သို့​ဖြစ်​လျှင် ဤ​ကောင်း​မြတ်​သော​အ​ရာ​သည် ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သော​အ​ရာ​မှာ အ​ပြစ်​ပင်​ဖြစ်​၍ အ​ပြစ်​သည် အ​ပြစ်​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ဤ​ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ​၌ သေ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​၏။ ဤ​သို့​ဖြင့် အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​တိုင်း​ထက်​အ​လွန် အ​ပြစ်​များ​သော​အ​ရာ​ဖြစ်​လာ​၏။

14. ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင် ငါ​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သူ​ဖြစ်​ပြီး အ​ပြစ်​တ​ရား​၏​လက်​အောက်​တွင် ရောင်း​စား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။

15. ငါ​သည် မိ​မိ​ပြု​နေ​သည့်​အ​မှု​ကို​ပင် ကိုယ်​တိုင်​နား​မ​လည်​ပေ။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည် ကိုယ်​ပြု​လို​သော​အ​ရာ​ကို မ​ပြု​ဘဲ ကိုယ်​မုန်း​သော​အ​ရာ​ကို ပြု​နေ​၏။

16. ထို​သို့ ငါ​သည် ကိုယ်​မ​ပြု​လို​သော​အ​ရာ​ကို ပြု​နေ​သည်​ဆို​လျှင် ပ​ညတ်​တ​ရား​ကောင်း​မြတ်​ကြောင်း​ကို ဝန်​ခံ​ခြင်း​ဖြစ်​၏။

17. သို့​ဖြစ်​လျှင် ထို​အ​ရာ​ကို​ပြု​သော​သူ​မှာ ငါ​မ​ဟုတ်​တော့​ဘဲ ငါ့​အ​ထဲ​၌​ကိန်း​အောင်း​နေ​သော အ​ပြစ်​ပင်​ဖြစ်​၏။

18. ငါ့​အ​ထဲ​၌ တစ်​နည်း​အား​ဖြင့် ငါ​၏​သွေး​သား​ဇာ​တိ​ထဲ​၌ ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ကိန်း​အောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်​လည်း ၎င်း​ကို ပြု​နိုင်​စွမ်း​မ​ရှိ။

19. အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ်​ပြု​လို​သည့် ကောင်း​သော​အ​မှု​ကို​မ​ပြု​ဘဲ မ​ပြု​လို​သည့် မ​ကောင်း​သော​အ​မှု​ကို ပြု​နေ​၏။

20. သို့​သော် ကိုယ်​မ​ပြု​လို​သော​အ​ရာ​ကို ငါ​ပြု​နေ​သည်​ဆို​လျှင် ၎င်း​ကို ငါ​ကိုယ်​တိုင်​ပြု​သည်​မ​ဟုတ်​တော့​ဘဲ ငါ့​အ​ထဲ​၌​ကိန်း​အောင်း​နေ​သော​အ​ပြစ်​က ပြု​ခြင်း​ဖြစ်​၏။

21. သို့​ဖြစ်​၍ ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ငါ​၌ မ​ကောင်း​သော​အ​မှု​ရှိ​နေ​သည်​ဟူ​သော​သ​ဘော​တ​ရား​ကို ငါ​တွေ့​၏။

22. တစ်​နည်း​ဆို​သော် ငါ​သည် အ​တွင်း​ဝိ​ညာဉ်​လူ​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​၌ နှစ်​သက်​ဝမ်း​မြောက်​လျက်​ရှိ​သော်​လည်း

23. ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အ​ခြား​သော​တ​ရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်​နှ​လုံး​၏​တ​ရား​နှင့် တိုက်​ခိုက်​လျက်​နေ​သ​ဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အ​ပြစ်​နှင့်​ဆိုင်​သော​တ​ရား​အား​ဖြင့် ငါ့​ကို​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​သည်​ကို ငါ​မြင်​၏။

24. ငါ​သည် အ​လွန်​စိတ်​ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်​သူ​သည် သေ​ခြင်း​နှင့်​ဆိုင်​သော ဤ​ကိုယ်​ခန္ဓာ​မှ ငါ့​ကို ကယ်​နုတ်​မည်​နည်း။

25. သို့​သော် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။ ဤ​သို့​ဖြင့် ငါ​သည် မိ​မိ​စိတ်​နှ​လုံး​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို အ​စေ​ခံ​လျက်​ရှိ​သော်​လည်း သွေး​သား​ဇာ​တိ​အား​ဖြင့် အ​ပြစ်​နှင့်​ဆိုင်​သော​တ​ရား​ကို အ​စေ​ခံ​လျက်​ရှိ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 7